“၆၉-နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပ”

“၆၉-နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပ”

KnIC (LKW): 19th July   ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့၊ မင်္ဂလာရပ်၊ တောင်ကွဲစေတီအနီး အာဇာနည်ကျောက်တိုင်ကွင်းတွင် (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို (၁၉-ဇူလိုင်-၂၀၁၆)ရက် နံနက် ၁၀း၂၅ အချိန်မှ ၁၁း၃၅ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် ဝန်ထမ်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသူ ကျောင်းသားများ၊ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီအချို့သည် စစ်ကြောင်း(၄)ကြောင်းဖြင့် စုရပ်သို့ စနစ်တကျချီတက်လာခဲ့ရာ၊ စုစု ပေါင်းအင်အား(၃,ဝ၀ဝ)ဝန်းကျင်တက်ရောက်ခဲ့ကြောင်းသိရပါသည်။…

၇ဇူလိုင်မမေ့နိုင် အောက်မေ့ဘွယ်အခမ်းအနားကျင်းပ

၇ဇူလိုင်မမေ့နိုင် အောက်မေ့ဘွယ်အခမ်းအနားကျင်းပ

  ကယား (ကရင်နီပြည်နယ်) ကျောင်းသားများသမဂ္ဂမှ ကြီးမှူးလျှက် (၅၄) နှစ်မြောက်၊ ၇ ဇူလိုင်မမေ့နိုင် အောက်မေ့ဘွယ် အခမ်းအနားတစ်ရပ်ကို ကယား (ကရင်နီပြည်နယ်)၊ လွိုင်ကော်မြို့နယ်၊ နာနတ်တောရပ်ကွက်၊ တ/၃၉၃ ရှိပြည်နယ်ကျောင်းသားများသမဂ္ဂရုံး၌နံနက် (၉း၃၀)မှ (၁၀း၄၅)အချိန်ထိကျင်းပခဲ့ရာ ပါတီ၊ လူထုအခြေပြုအဖွဲ့အစည်းနှင့် ကျောင်းသား၊ ကျောင်းသူအချို့ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ ကျောင်းသားသမဂ္ဂအလံတော်အား အလေးပြုခြင်း၊ ကျဆှုံး/ဒဏ်ရာရခဲ့သော ကျောင်းသား၊ ကျောင်းသူများအား အလေးပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်း အမှတ် တစ်မိနစ်ငြိမ်သက်ခြင်း၊ ကမ္ဘာမကြေဘူး သီချင်းသီဆိုခြင်းဖြင့် အခမ်းအနားစတင်ခဲ့ ကြောင်းသိရပါသည်။ အခမ်းအနားတွင်အောက်ပါ…