ပြည်နယ်အဆင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကျင်းပ

 

 

 

အမျိုးသမီးများအားအကြမ်းဖက်မှု ပပျောက်ရေးနေ့၊ အခမ်းအနားအမှတ်တရဓါတ်ပုံ

 

 

 

 

 

 

 

 

 

  KnIC (LWK): 10 De c

 

ကရင်နီပြည်နယ်ရှိ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်စေရန်အတွက် ကယန်းအမျိုးသမီး အစည်းအရုံး၊ ကရင်နီပြည်အမျိုးသမီးများကွန်ယက်၊ ကရင်နီအမျိုးသမီးအစည်းအရုံး တိှု့ပူးပေါင်းဆောင်ရွက် သော ပြည်နယ်အဆင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအားအကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို လွိုင်ကော်မြို့၊ မြို့တော်၏ ခန်းမတွင် ၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ၊ (၁၀)ရက်နေ့ ကျင်းပပြု လုပ်ပြီး သဘောထားထုတ်ပြန်ကြေငြာစာတမ်းကို ထုတ်ပြန် ခဲ့ကြောင်းသိရသည်။

အလားတူအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို မြို့နယ်အဆင့် အနေဖြင့် ဒီမော့ဆို၊ ဖရုဆို၊ ဘောလခဲ၊ ဖာဆောင်း၊ မယ်စဲ၊ ရှားတောမြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးမော်မော်မှ “အများအားဖြင့် လူကုန်ကူးခံရတာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါ။ အလုပ်လုပ်တာချင်းအတူတူ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အခွင့်အရေးပိုများတယ် အကြမ်းဖက်မှုပပျောက်ဖို့အတွက် NGOs/ INGOs အစိုးရ၊ ဒေသခံအဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှဖြစ်မယ်၊ အခုကျင်းပတဲ့ပွဲမှာ ထိုင်နေတဲ့ အမျိုးသမီးတွေဟာ ပုခက်လွဲတဲ့လက်များ ပိုင်ရှင်တွေဖြစ်ပါတယ် အင်မတန်မှ ကိုယ်ချင်းစာဖို့ သနားဖို့ကောင်းပါတယ် ကိုယ်ချင်းစာစိတ်၊ သနားတဲ့စိတ်၊ ဝိုင်းဝန်းကူညီတတ်တဲ့စိတ်တွေ ကိုယ်စီကိုယ်စီရှိဖို့လိုပါတယ်” ဟုပြောသွားပါသည်။

ကရင်နီပြည်အမျိုးသမီးများကွန်ယက် ဒေါ်နန်းနှင်းရည်မှ “ကယားဒေသ၊ ကယန်းဒေသတွေမှာ (၁၆)ရက်တာ လှုပ်ရှားမှုမှ တွေ့ရှိခဲ့တာတွေက အများအားဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တွေပဲဖြစ်တယ် ၂၀၁၅-ခုနှစ်မှာဆိုရင် ကျွန်မတို့ဖြေရှင်းပေးခဲ့တာ အမှု ပေါင်းရာချီလောက်ရှိတယ် အဲဒီထဲမှာသက်ငယ်မုဒိမ်းမှုက (၅၀)ကျော်လောက်ရှိတယ် အဲဒီအတွက်ကျွန်မတို့တွေအထူး ကူညီပေး နေပါတယ်။ Woman to Woman, KNWO နဲ့ ဖာဆောင်းမှာ Safe House တွေထားရှိပါတယ် အိမ်တွင်းအကြမ်းဖက်မှုဟာ နိုင်ငံအထိသက်ရောက်နိုင်ပါတယ် အကြမ်းဖက်မှုမှာ ဥပဒေအရ အကြမ်း ဖက်ခံရတာရှိသလို၊ ဓလေ့ထုံးတမ်းအစဉ်အလာအရ အကြမ်းဖက်တာတွေလဲရှိတယ် လူမသိသူမသိ အချင်းချင်းပေးလျော်ရတာတွေလဲရှိတယ်။ အဲဒါတွေဟာအထူးသဖြင့် သက်ငယ်မုဒိမ်းမှုတွေပါ ဟုပြောသွား ပါသည်။

အကြမ်းဖက်မှုနှင့်ပတ်သက်၍ အုပ်စုဖွဲ့ဆွေးနွေးပြီးမှရရှိလာသော အချက်အလက်များနှင့် ပြီးခဲ့ သည့် မြို့နယ်အဆင့်များတွင် ပြုလုပ်ခဲ့သော (၁၆) ရက်တာလှုပ်ရှားမှုမှ ရရှိလာသည့် အချက်အလက် များကို စုစည်းအတည်ပြုကာ သဘောထားထုတ်ပြန်ချက် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဆွေးနွေးပွဲသို့ NGOs, INGOs အစိုးရဘက်မှဌာနဆိုင်ရာနှင့် ပြည်သူလူထုများမှ အင်အား(၃၀ဝ)ဦး ခန့်တက်ရောက် ကြောင်းသတင်းရရှိပါသည်။

 

ပိုးမြာ၊ ကြားမြာ

Leave a Reply